Computer Programmer တွေက introvert တွေလား?

April 17, 2024

Programmer တွေကအလုပ်ရဲ့သဘောတရားအရ introvert ဘက်ကိုတွန်းပို့ခံနေရတာပါ။

တစ်ယောက်တည်းအချိန်အကြာကြီးအာရုံစိုက် အလုပ်လုပ်ရတာဖြစ်တဲ့အတွက် အချိန်ကြာလာတာနဲ့ သီးသန့်ဆန်လာပြီး introvert ဖြစ်မှန်းမသိဖြစ်လာတက်သည်။

လူတိုင်းတော့မဖြစ်နိုင်ပါဘူး။ တစ်ချို့က introvert နဲ့ extrovert ကြားဖြစ်နေတဲ့တယ်ဆိုပါတော့ သေချာပေါက် programming ကြောင့် introvert လုံးလုံးဖြစ်လာမှာဖြစ်သည်။


introvert ဆိုတာဘာလဲ?

introvert ဆိုတာ ကိုယ့်စိတ်ခံစားချက်ကိုပဲပိုဦးစားပေတက်တဲ့သူ။ လူတွေနဲ့ပေါင်းသင်းဆက်ဆံရမှာမကြိုက်တဲ့သူ။ သာမန်စကားလုံးအသေးတွေကိုကအစ လိုက်ပြီးခံစားတက်သူ။

စကားတစ်ခုကို ပြောဖို့ အများကြီးစဥ်းစားတက်သူ။ လူရွေးပြီးပေါင်းသင်းတက်သူ။ တခြားသူတွေရဲ့လွှမ်းမိုးမှုကိုအရမ်းခံရတဲ့သူ။

အဲ့လိုမျိုးသူတွေကို introvert လို့ခေါ်သည်။


တကယ်တန်းတော့ programmer တစ်ယောက်က introvert မဖြစ်ရင်ပိုကောင်းပါသည်။

မဖြစ်သင့်ဘူးလို့ပြောရင်ပိုမှန်သည်။ လူအများနဲ့ဆက်ဆံပြီး ပြဿနာတွေကိုဖြေရှင်းရမှာ ဖြစ်တဲ့အတွက် programmer တစ်ယောက်ဟာ introvert တစ်ယောက်မဖြစ်အောင်သေချာဂရုစိုက်သင့်ပါသည်။


Profile picture

Written by Yannainglin who lives and works in Mawlamyine building nothing. Facebook Profile

© 2025, Yan Naing Lin